www.kyaukseinnwe.com
Kyauk Sein Nwe Trading & services
English (United Kingdom)Burmese (Myanmar)
 
KSN EDUCATION SERVICES
Build up your education, Build up your future.
ပညာရေး ၀န်ဆောင်မှု လုပ်ငန်းများ

ကျောက်စိမ်းနွယ် ပညာရေးဝန်ဆောင်မှု လုပ်ငန်းသည် ပြည်ပနိုင်ငံများတွင် ပညာသင်ကြားလိုသည့် မြန်မာနိုင်ငံသားများအတွက် အရည်အသွေးမြင့် တိုင်ပင်ဆွေးနွေး အကြံပေးမှုများနှင့် သင့်လျော်သည့်နေရာ ရွေးချယ်ပေးမှုတို့ကို တစ်နေရာတည်းအပြီး ဆောင်ရွက်ပေးသည်။ မိမိတို့သည် ၎င်းတို့အား တိကျသည့် ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်ကိုပေးရန် ဦးတည်ရည်ရွယ် ဆောင်ရွက်သည့်အတွက် ပြည်ပနိုင်ငံများတွင် ပညာသင်ကြားလိုသူများအနေဖြင့် မှန်ကန်သည့် ဆုံးဖြတ်ချက် ချမှတ်နိုင်စေမည် ဖြစ်သည်။

မိမိတို့၏ အကြံပေးဆွေးနွေးမှုများတွင် အထက်တန်းကျောင်းအဆင့် ပညာရေးနှင့် တက္ကသိုလ်ပညာရေး သာမက အသက်မွေးမှုဆိုင်ရာ သင်တန်းများ (လုပ်ငန်းခွင်သင်တန်းနှင့် အလုပ်သင် သင်တန်းများ) လည်း ပါဝင်သည်။ ပညာသင်ကြားလိုသူများသည် သြစတြေးလျနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံများရှိ ကျောင်းပေါင်း ၅၀ ကျော်နှင့် တက္ကသိုလ်ပေါင်း ၃၀ ကျော်ရှိ သင်ရိုးပေါင်း ၁၀၀ ကျော်အနက်မှ ရွေးချယ်နိုင်မည်ဖြစ်သည်။ ထိုသို့ ရွေးချယ်ရာတွင် ကျောင်းသားများ၏ လိုအပ်ချက်များနှင့် အတိအကျ ကိုက်ညီမှုရှိမည့် သင်ကြားရေးဌာနနှင့် သင်တန်းအမျိုးအစားကို မိမိတို့က ကူညီရွေးချယ်ပေးမည် ဖြစ်သည်။

သြစတြေးလျတွင် ပညာသင်ကြားလိုသူများအတွက်မူ မြန်မာနိုင်ငံရှိ မိမိတို့၏ သြစတြေးလျနိုင်ငံသား ဝန်ထမ်းက သြစတြေးလျတွင် ပညာသင်ကြားခြင်းနှင့် ပတ်သက်၍ ၎င်း၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် တိကျခိုင်မာသည့် သတင်းအချက်အလက်များကို မျှဝေပေးမည်ဖြစ်သည်။ ထို့ပြင် သြစတြေးလျတွင် နေထိုင်စဉ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းများ၊ အလုပ်အကိုင်နှင့် နေရာထိုင်ခင်း ရှာဖွေခြင်းများ၊ ပညာသင်စရိတ် ရှာဖွေလျှောက်ထားခြင်းများ အပါအဝင် ကိစ္စများစွာအတွက် ကူညီဆောင်ရွက် အကြံပြုပေးမည်ဖြစ်သည်။ သြစတြေးလျရှိ မိမိတို့၏ မိတ်ဖက်အဖွဲ့အစည်းသည် တရားဝင် မှတ်ပုံတင်ထားသည့် ပြောင်းရွှေ့အခြေချရေးဆိုင်ရာ ကိုယ်စားလှယ်တစ်ဦးဖြစ်၍ ကျောင်းသားများနှင့် ၎င်းတို့မိသားစုများအတွက် မှန်ကန်သည့် ပြည်ဝင်ခွင့်လက်မှတ်အမျိုးအစား ရရှိရန် ကူညီဆောင်ရွက်ပေးမည် ဖြစ်သည်။

မိမိအတွက် အနာဂတ် အသက်မွေးဝမ်းကြောင်းမှုကို ရွေးချယ်ဆုံးဖြတ်ရခြင်းမှာ လွယ်ကူသောကိစ္စ မဟုတ်ပါ။ ပြည်ပတွင် ပညာသင်ကြားရခြင်းမှာလည်း အရင်းအနှီးကြီးမားသည့် ကိစ္စတစ်ခုဖြစ်သည်။ ထို့ပြင် ကျောင်းသား၏ အားသာချက်များနှင့် စိတ်ဝင်စားမှုများ၊ ပြည်ပတွင် နေထိုင်၊ ပညာသင်ကြားစရိတ်၊ ရင်းနှီးမြှုပ်နှံမှုမှ ရေရှည်တွင် ပြန်လည်အကျိုးအမြတ် ရရှိမှု စသည့် အကြောင်းတရားများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုသည်။ ထို့ပြင် နိုင်ငံတကာ အလုပ်အကိုင်ဈေးကွက်သည် အစဉ်ပြောင်းလဲနေသဖြင့် မသေချာ မရေရာမှုနှင့် စွန့်စားရမှုများ အမြဲရှိနေသည်။

ကျောက်စိမ်းနွယ်ကုမ္ပဏီသည် ရိုးသားမှုနှင့် ဖြောင့်မတ်တည်ကြည်မှုကို တန်ဖိုးထားသည်။ ထို့ပြင် ပညာရေးကိုလည်း စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်သာမဟုတ်ဘဲ အလေးအနက် သဘောထားသည်။ မိမိတို့၏ ပညာရေးအကြံပေးပုဂ္ဂိုလ်များသည် ပုံသေလစာကိုသာ ရရှိကြပြီး ကျောင်းအပ်နှံမှုများအပေါ်မှ ကော်မရှင် ရယူခံစားခြင်း မရှိပါ။ ထို့ကြောင့် မိမိတို့ ပေးသည့် အကြံဉာဏ်များသည် တိကျမှုရှိပြီး ငွေကြေး၏ လွှမ်းမိုးမှုမှ ကင်းရှင်းကြောင်း ယုံကြည်နိုင်သည်။ ထို့ကြောင့် မိမိတို့ထံမှ ရရှိသော အကြံဉာဏ်သည် ရိုးသားဖြောင့်မတ် မှန်ကန်မှု အပြည့်အဝရှိကြောင်း ယုံကြည်စိတ်ချနိုင်သည်။

ထိုမျှမက ကျောက်စိမ်းနွယ်သည် မိမိတို့ ကောင်းစွာသိရှိသည့် ကျောင်းများ၊ တက္ကသိုလ်များနှင့် သင်တန်းများကိုသာ အကြံပြုရည်ညွှန်းပေးပြီး အရည်အသွေးအမြင့်မားဆုံး ဆောင်ကြဉ်းပေးနိုင်သည့် ပညာရေးအဖွဲ့အစည်းများနှင့်သာ ဆက်သွယ်လုပ်ဆောင်သည်။ သင်တန်းများ၊ ကျောင်းနှင့် တက္ကသိုလ်များ၊ အလုပ်အကိုင်ဈေးကွက်များအကြောင်း ဂနသေချာစွာ နားလည်သဘောပေါက်ခြင်း မရှိဘဲ ရည်ညွှန်းထောက်ခံပေးခြင်းများသည် အဖြစ်ဆိုးများသို့ ဦးတည်သွားစေနိုင်သည်။ ကျောက်စိမ်းနွယ်တွင်မူ ကျောင်းသားများအား ပေးသည့်အကြံဉာဏ်သည် တိကျပြီး သင်တန်းများနှင့် ကျောင်းများ၊ တက္ကသိုလ်များသည် အရည်အသွေးမြင့်မားကြောင်း အာမခံနိုင်သည့်အတွက် သင်၏ ဆုံးဖြတ်ချက်သည် မှန်ကန်ကြောင်း သိရှိသဘောပေါက်လျက် စိတ်လက်ပေါ့ပါးစွာ နေနိုင်မည်ဖြစ်သည်။

ကျောက်စိမ်းနွယ် ပညာရေးဝန်ဆောင်မှု လုပ်ငန်းကို ထိုင်းနိုင်ငံ ကုန်သည်ကြီးများအသင်း တက္ကသိုလ် (University of the Thai Chamber of Commerce - UTCC) က မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ၂၀၀၉ ခုနှစ် ဇွန်လ ၁၂ ရက်တွင် ခန့်အပ်ခဲ့သည်။ ထိုအချိန်မှစ၍ ကျောက်စိမ်းနွယ်သည် UTCC အတွက် ကျောင်းသားများကို စတင်လက်ခံ ခေါ်ယူလျက်ရှိသည်။ ထို့ပြင် ကျောက်စိမ်းနွယ် ပညာရေးဝန်ဆောင်မှု လုပ်ငန်းသည် ၂၀၀၉ ခုနှစ် သြဂုတ်လ ၃၁ ရက်မှစ၍ စင်ကာပူနိုင်ငံ Insworld School ၏ ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၂၀၀၉ ခုနှစ် နိုဝင်ဘာလမှစ၍ စင်ကာပူနိုင်ငံ STET Institute ၏ ကျောင်းသားလက်ခံရေး အဖွဲ့အစည်းအဖြစ် လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

ပြည်ပသို့ မသွားရောက်ဘဲ မြန်မာနိုင်ငံအတွင်း၌သာ နေထိုင်လျက် ၎င်းတို့၏ အင်္ဂလိပ်စာ ကျွမ်းကျင်မှုကို မြှင့်တင်လိုသည့် မြန်မာကျောင်းသားများအတွက်လည်း ကျောက်စိမ်းနွယ်သည် NEXUS Language Center အမည်ရှိ အင်္ဂလိပ်ဘာသာစကား လေ့ကျင့်သင်ကြားရေး ဌာနတစ်ခုကို ဖွင့်လှစ်ထားပြီး အင်္ဂလိပ်ဘာသာကို မိခင်ဘာသာစကားအဖြစ် ပြောဆိုသည့် ဆရာ၊ ဆရာမများက ကျောင်းသားများအား အင်္ဂလိပ်ဘာသာတွင် ကျွမ်းကျင်မှုလေးမျိုးလုံး ရရှိစေရန် သင်ကြားပြသပေးလျက်ရှိသည်။

ပြည်ပတွင် ပညာသင်ကြားရန် စိတ်ပါဝင်စားသည့် ကျောင်းသားတစ်ဦးစီကို မိမိတို့၏ မန်နေဂျာတစ်ဦးစီက တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်၍ ကျောင်းသားတစ်ဦးချင်းစီ၏ လိုအပ်ချက်များကို အတိအကျ အကဲဖြတ်နိုင်စေမည်ဖြစ်သည်။




 
 
Edu-Services's Location
အမှတ်(၂၅ )၊ အခန်း(၄၀၄)၊ ဓမ္မစေတီလမ်း၊ မြေနီကုန်း၊
စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
Tel: +၉၅-၁-၅၃၉၅၈၂၊ +၉၅-၁-၅၃၉၅၈၁
Fax: +95-1-546306
Email:
Website:
  Name:
  Email:
Message: