www.kyaukseinnwe.com
Kyauk Sein Nwe Trading & services
English (United Kingdom)Burmese (Myanmar)
 
CORPORATE PROFILE
ကုမ္ပဏီ၏ မြော်မြင်ချက်

ကျောက်စိမ်းနွယ်သည် ဈေးကွက်အတွင်း၌ အကောင်းဆုံးကုန်ပစ္စည်းများကို မိတ်ဆက်ပေးသည့် ယုံကြည်အားထားရသော အမည်နာမတစ်ခု ဖြစ်လာရန် ရည်ရွယ်သည်။ ထို့ပြင် မိမိတို့သည် ကမ္ဘာတစ်ဝန်းရှိ ကော်ပိုရေးရှင်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံတကာကွန်ရက်တစ်ခု ချိတ်ဆက်ထူထောင်နိုင်ရန်လည်း ရည်ရွယ်သည်။

ကုမ္ပဏီ၏ နောက်ခံသမိုင်း

ကျောက်စိမ်းနွယ်ကုမ္ပဏီလီမိတက်ကို ၂၀၀၄ ခုနှစ် ဇွန်လတွင် စတင်တည်ထောင်ခဲ့ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၌ ကုမ္ပဏီ မှတ်ပုံတင်ခဲ့သည်။ ကိုယ်စားလှယ်လုပ်ငန်းများ၊ အကြံပေးလုပ်ငန်းများ၊ လျှပ်စစ်နှင့် အီလက်ထရောနစ် ပစ္စည်းများ တပ်ဆင်ထိန်းသိမ်းရေး၊ နိုင်ငံတော်၏ စီမံကိန်းများ အကောင်အထည်ဖော်ရေးတို့ အပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ရန် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် KSN Services Co., Ltd. ကို ကျောက်စိမ်းနွယ်ကုမ္ပဏီလီမိတက်၏ ဝန်ဆောင်မှုလုပ်ငန်းခွဲအဖြစ် တည်ထောင်ခဲ့သည်။

ကုမ္ပဏီ၏ လွှမ်းခြုံမှု

ကျောက်စိမ်းနွယ်၏ ဦးတည်ချက်များအနက် တစ်ခုမှာ မိမိတို့ ဖြန့်ဖြူးလျက်ရှိသည့် အကောင်းဆုံး ကုန်ပစ္စည်းများကို ပြည်တွင်းရှိ သုံးစွဲသူ အများအပြားထံသို့ ရောက်ရှိစေရန်အတွက် နိုင်ငံတစ်ဝန်းတွင် ဖြန့်ချိရေးကွန်ရက်တစ်ခု တည်ဆောက်ရန်ဖြစ်သည်။ ၎င်းရည်မှန်းချက်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိ မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးပေါင်း ၃၀ ကို လွှမ်းခြုံထားသည့် ဖြန့်ချိရေးကွန်ရက်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး မြောက်ဘက်တွင် ဗန်းမော်မြို့မှ တောင်ဘက်တွင် မြိတ်မြို့အထိ၊ အနောက်ဘက်တွင် စစ်တွေမြို့မှ အရှေ့ဘက်တွင် မူဆယ်မြို့အထိ ဖြန့်ကျက်ရောက်ရှိနိုင်ခဲ့သည်။

ကုမ္ပဏီ၏ စီမံခန့်ခွဲမှုအဖွဲ့

(ဤနေရာတွင် စီမံခန့်ခွဲရေးအဆင့် တာဝန်ရှိသူ အရေအတွက်၊ ၎င်းတို့၏ လုပ်ငန်းအတွေ့အကြုံ၊ ပညာရေးနှင့် အခြားထူးချွန်ပြောင်မြောက်သည့် အရည်အချင်းများ၊ အောင်မြင်မှုများ စသည်တို့ကို ဖော်ပြနိုင်သည်၊ သို့မဟုတ် ဤအချက်ကို အောက်ပါ “လူသားအရင်းအမြစ်များ” အောက်တွင် ထည့်သွင်းနိုင်သည်။)

ကုမ္ပဏီ၏ လူသားအရင်းအမြစ်များ

ကျောက်စိမ်းနွယ်ကုမ္ပဏီလီမိတက်ရှိ အဓိကဌာနကြီး (၅) ခုအောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းအင်အား ၁၀၀ ဦးကျော် ရှိသည်။ ၎င်းတို့သည် ကျောက်စိမ်းနွယ်ကုမ္ပဏီ၏ အောင်မြင်မှုကို ဆောင်ကြဉ်းပေးသူများ ဖြစ်ကြသည်။ မိမိတို့သည် ဌာနအသီးသီးရှိ ဝန်ထမ်းများအား ကုမ္ပဏီတွင်း သင်တန်းများဖြစ်စေ၊ ကုမ္ပဏီပြင်ပသင်တန်းများဖြစ်စေ ပို့ချပေးခြင်းဖြင့် လူသားအရင်းအမြစ်နှင့် စွမ်းဆောင်ရည်ကို မြှင့်တင်တည်ဆောက်ပေးလျက်ရှိသည်။ မိမိတို့သည် ဝန်ထမ်းများအား ပျော်ရွှင်မှုရှိစေရန်၊ စွမ်းဆောင်ရည်တိုးမြှင့်ရန်နှင့် ဒေသန္တရဗဟုသုတ ရရှိစေရန် ရည်ရွယ်လျက် အခါအားလျော်စွာ အနားယူ အပန်းဖြေခရီးများ၊ လှုပ်ရှားမှုများကို စီစဉ်ပေးလျက်ရှိသည်။ ဤနည်းအားဖြင့် ဝန်ထမ်းများသည် ရေရှည်တွင် ပိုမိုအားအင်ပြည့်ဝစွာနှင့် စိတ်ထက်သန်စွာ ကြိုးပမ်းဆောင်ရွက်နိုင်မည်ဖြစ်သည်။

ကုမ္ပဏီ၏ အောင်မြင်မှုများ

(ဤနေရာတွင် မိမိတို့၏ အမှတ်တံဆိပ်များ၏ ဈေးကွက်ရပ်တည်မှုအဆင့်၊ ဈေးကွက်လွှမ်းမိုးမှုရာခိုင်နှုန်း၊ အမှတ်တံဆိပ်ကို သိရှိမှု၊ အရောင်းတိုးတက်မှုရာခိုင်နှုန်း၊ အရည်အသွေးဆိုင်ရာ ဆုတံဆိပ်များ ရရှိမှု၊ အကောင်အထည်ဖော်နိုင်ခဲ့သည့် စီမံကိန်းများ၊ ကုမ္ပဏီ၏ အခန်းကဏ္ဍ/အဆင့်အတန်း/ရပ်တည်မှု၊ နိုင်ငံတကာအဆင့် ကော်ပိုရေးရှင်းများနှင့် တွဲဖက်ပူးပေါင်းလုပ်ဆောင်မှု စသည်တို့ကို ဖော်ပြနိုင်သည်။)

ဆက်သွယ်ရန်

လိပ်စာ - B-302၊ ပညာ့ဝတီရိပ်မွန်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
တယ်လီဖုန်း - +၉၅-၁-၅၄၆၃၀၆၊ +၉၅-၁-၅၅၀၄၇၆
ဖက်စ် - +၉၅-၁-၅၄၆၃၀၆
အီးမေးလ် - This e-mail address is being protected from spambots. You need JavaScript enabled to view it
This e-mail address is being protected from spambots. You need JavaScript enabled to view it
ဝက်ဘ်ဆိုက် - www.kyaukseinnwe.com

 
 
KSN's Location
B-302, Pyinnyawadi Estate, Yankin Township, Yangon.
Tel: +95-1-546306, 550476,
Fax: +95-1-546306
Email:
loc_img
  Name:
  Email:
Message: